The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ဆိုက်ဘာလုံခြုံရေးဥပဒေ ဘာကို ရည်ရွယ်သလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၂၊ ၂၀၂၅

အီလက်ထရောနစ်သတင်းအချက်အလက်တွေ လုံခြုံစိတ်ချစွာအသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုထားတဲ့ “ဆိုက်ဘာလုံခြုံရေးဥပဒေ” ဟာ ဇူလိုင်လ ၃၀ ရက်နေ့က စတင်အသက်ဝင်ပြီဖြစ်တယ်လို့ စစ်ကောင်စီက ဇူလိုင် ၃၁ ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။

ဒီဥပဒေဟာ မြန်မာလူထုရဲ့ လွတ်လပ်စွာသတင်းအချက်အလက်ရရှိခွင့်ကို အဟန့်အတားဖြစ်စေရုံသာမက အင်တာနက်ကို မှီခိုကာ အသက်မွေးဝမ်းကျောင်း ပြုနေသူတွေနဲ့ အင်တာနက်အသုံးပြုသူ လူထုရဲ့ နေ့စဉ်လူမှုစီးပွားဘဝအပေါ်မှာပါ ထိခိုက်မှုနဲ့ ဆိုးကျိုးသက်ရောက်မှု ကြီးကြီးမားမားရှိနေတယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေနဲ့ သတင်းစာဆရာတွေက ဝေဖန်ထောက်ပြပါတယ်။

ဒီဥပဒေအတွင်းမှာတော့ မဟုတ်မမှန်သတင်း၊ ကောလဟာလတွေနဲ့ အများပြည်သူ ကြည့်ရှုဖို့မသင့်တော်တဲ့ သတင်းအချက်အလက်ဖြန့်ဝေ၊ ကူးယူရင် ထောင်ဒဏ် ချမှတ်နိုင်တယ်ဆိုတဲ့အချက်အပါအဝင် ဒီဂျစ်တယ် ပလပ်ဖောင်း ဝန်ဆောင်မှု လုပ်ငန်းနဲ့ VPN ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအပေါ်မှာ ထောင်ဒဏ် ချမှတ်နိုင်တဲ့ အပြစ်ပေးအရေးယူမှုတွေကို ထည့်သွင်းပြဌာန်းထားတာ ဖြစ်ပါတယ်။

https://youtu.be/H-ZU8f08Ksc
#မြန်မာ #ဧရာဝတီ #ဆိုက်ဘာလုံခြုံရေးဥပဒေ #ရွေးကောက်ပွဲ #VPN #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👍34👎8
လူဝတ်လဲ စစ်ဗိုလ်ချုပ်တွေ Facebook ပေါ်တက်လာ (ရုပ်/သံ)

ဧရာဝတီ၊ နိုဝင်ဘာ ၃၊ ၂၀၂၅

စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်မှာ နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ် တွေဟာ လူဝတ်လဲပြီး မြန်မာပြည်သူတွေ အသုံးပြုများတဲ့ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေကြပါတယ်။

စစ်မှုထမ်းကာလမှာ အနေအထိုင် သိုသိပ်ခဲ့တဲ့ ဒီစစ်ဗိုလ်ချုပ်တွေဟာ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖြစ်လာချိန်မှာတော့ စစ်ယူနီဖောင်းချွတ်၊ လူဝတ်လဲပြီး မဲဆွယ်စည်းရုံးဖို့အတွက် လူမှုကွန်ရက်ကို အသုံးချလာတာလည်း ဖြစ်ပါတယ်။

လူဝတ်လဲစစ်ဗိုလ်ချုပ်တွေဟာ သူတို့အနိုင်ရဖို့စိတ်တိုင်းကျ ပြင်ဆင်ထားတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ လက်ကိုင်တုတ်ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (USDP) ပါတီကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

လက်ရှိအချိန်မှာတော့ လူဝတ်လဲစစ်ဗိုလ်ချုပ်တွေဟာ Facebook နဲ့ TikTok ကို အသုံးပြုပြီး မဲဆွယ်နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ Facebook နဲ့ လူမှုကွန်ရက်တွေကို ပြည်သူတွေ အလွယ်တကူ သုံးမရအောင် လုပ်ခဲ့တဲ့ တရားခံဟာ စစ်တပ်ပဲဖြစ်ပါတယ်။

အာဏာစသိမ်းတဲ့နေ့ကတည်းက ပြည်သူတွေအကြား သတင်းတွေ မပြန့်အောင် Facebook လူမှုကွန်ရက် စာမျက်နှာကို နည်းအမျိုးမျိုးသုံးပြီးတင်းကြပ်ခဲ့ပါတယ်။ ပြည်သူတွေဟာ လက်ရှိအချိန်ထိ ကြားခံ ပလက်ဖောင်းတခုဖြစ်တဲ့ VPN ကိုအသုံးပြုပြီး လူမှုကွန်ရက်တွေကို အသုံးပြုနေကြရတာ ဖြစ်ပါတယ်။

https://youtu.be/p5d7hQMGSZk
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #Election #Facebook #VPN #TikTok #USDP #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎45
Media is too big
VIEW IN TELEGRAM
သတိ..သင့်ကိုစောင့်ကြည့်နေသည်

ဧရာဝတီ၊ ဇန်နဝါရီ ၂၃၊ ၂၀၂၆

ကနေ့ခေတ်ကြီးမှာ သင့်ရဲ့ လှုပ်ရှားမှုတွေကို အစိုးရတွေ၊ ထောက်လှမ်းရေးတွေက အင်တာနက်ကနေတဆင့် စောင့်ကြည့်နိုင်တယ် ဆိုတာကိုသိပါသလား။ ဘယ်လို နည်းပညာတွေနဲ့ စောင့်ကြည့်နေလဲ၊ ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို ဒီတပတ် Tech Talk မှာ တင်ဆက်ထားပါတယ်။

#မာဒူရို #ဘင်လာဒင် #မင်းအောင်လှိုင် #စစ်တပ် #အင်တာနက် #ထောက်လှမ်းရေး #စနိုဒင် #Snowden #PRISM #US #China #worldwide #CCTV #internet #VPN
👍54👎5