The Irrawaddy - Burmese
✔
75K subscribers
38.7K photos
2.5K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် စကားပြောခွင့်ရခြင်းက အပြုသဘောဆောင်ဟု ထိုင်း ပြော

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆

အာဏာသိမ်းအစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်တို့ ၅ နှစ် ကျော်အတွင်း ပထမဆုံးအကြိမ် ဖုန်းဖြင့် ဆက်သွယ်စကားပြောခွင့်ပြုခဲ့ခြင်းကို အပြုသဘောဆောင်သည့် လက္ခဏာတရပ်အဖြစ် ကြိုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောသည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် ထိုင်းနိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်သည့် နည်းလမ်းမှ ကောင်းမွန်သော ရလဒ်အဖြစ် ယခုကဲ့သို့ တိုးတက်မှုများ စတင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်း၏ ပြောဆိုချက်တွင် Thai PBS တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာအာဏာပိုင်များအား တရားဝင်မှု မပေးဘဲ ထိတွေ့ဆွေးနွေးမှုများကို ဆက်လက်ထိန်းသိမ်းထားခဲ့ကြောင်း ၎င်းက ပြောသည်။

“ဖိအားပေးမှုတွေမှာ အကန့်အသတ်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဆီ ပြန်လာဖို့နဲ့ အတိုက်အခံအဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေ စတင်တာဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဖြစ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် နားလည်သဘောပေါက်ရပါမယ်။ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ ထိုင်းနိုင်ငံဟာ တိုက်တွန်းအားပေးတာနဲ့ ထိတွေ့ဆက်ဆံတာတွေကိုပဲ လုပ်ဆောင်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ ဝန်ကြီးအဆင့် အစည်းအဝေးများ၌ ယင်းကိစ္စကို ဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နောက်ဆုံး တိုးတက်ဖြစ်ထွန်းမှုများအပေါ် မူတည်၍ အာဆီယံ၏ နောက်ထပ် လုပ်ဆောင်မည့် ခြေလှမ်းများကို ထိုင်းနိုင်ငံက သုံးသပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံသို့ ပြန်လည်ရောက်ရှိစေလိုသော်လည်း မြန်မာအာဏာပိုင်များဘက်ကလည်း တိုးတက်မှုများရှိလာစေရန် ၎င်းတို့၏ ကိုယ်ပိုင်ကတိကဝတ်ပြုမှုကို ပြသရမည်ဖြစ်သလို မည်သည့်အချိန်တွင် အာဆီယံသို့ ပြန်ဝင်ရောက်ခွင့်ပြုမည်ကိုမူ အဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎31😁12👍7❤2
This media is not supported in your browser
VIEW IN TELEGRAM
အောက်ခြေက စတဲ့ ဖက်ဒရယ်ပြည်ထောင်စု (Bottom-Up Federalism) ကို တည်ဆောက်နေတဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌ မူအန်းဂျလာက သူ့တာဝန်တွေ၊ သူ့နိုင်ငံရေးဖြတ်သန်းမှု၊ သူ့နိုင်ငံရေးအမြင်သဘောထားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆို ထားတာကို အောက်က လင့်တွေမှာ အစအဆုံး နားဆင်နိုင်ပါတယ်။

အသံသီးသန့် နားဆင်လိုရင် အောက်က လင့်တွေကို နှိပ်ပါ။
Buzzsprout : https://bit.ly/47Iga9B
Apple Podcasts : https://apple.co/4iyY1kJ
Spotify : https://bit.ly/4sFYe9r
ရုပ်သံ အင်တာဗျူးကို ကြည့်လိုရင် အောက်က လင့်ကို နှိပ်ပါ။
YouTube: https://www.youtube.com/watch?v=aCA9tTSVHMg&t=528s
#ဖက်ဒရယ်ပြည်ထောင်စု #ကရင်နီပြည်အတိုင်ပင်ခံကောင်စီ #KSCC #မူအန်းဂျလာ
👍41❤7😁1
Media is too big
VIEW IN TELEGRAM
SNA တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သောင်ဦးကျေးရွာမှာရှိတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ရဲ့ ပူးပေါင်းတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေက တပ်စခန်းအပြင် ကျေးရွာကိုပါ ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပေမယ့် သေဆုံးစာရင်းကိုတော့ ဧရာဝတီက အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ဟုမ္မလင်း #စစ်ကိုင်း #SNA #KIA #PDF #သောင်ဦးကျေးရွာ #WhatsHappeningInMyanmar
❤46👍19😁4
၂၀၁၆ ခုနှစ် သြဂုတ်လက ဧရာဝတီမှာ ရေးထားတဲ့ ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ ဖြစ်ပေါ်လာတဲ့ ပြင်သစ် တော်လှန်ရေး တရပ် အကြောင်း ရုပ်ရှင် ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။


Website တွင် ဖတ်ရန် https://burma.irrawaddy.com/lifestyle/2016/08/20/122752.html
👍41😁5❤3
Media is too big
VIEW IN TELEGRAM
စစ်တွေ ဒကစ ထိုးစစ်ဆင်ခံနေရချိန် စစ်ခေါင်းဆောင်တွေ ပွဲတက်မပျက်

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ- စစ်တွေ) အနီးကို အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ရောက်ရှိနေသလို ငပြီကျွန်း ကမ်းတက်တိုက်ပွဲမှာ အကျအဆုံးအထိအခိုက်များနေပေမယ့် တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး နဲ့ အာဏာသိမ်းသမ္မတတို့ဟာ နေပြည်တော်မှာ ပွဲတက်မပျက် ရှိနေကြပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော်မှာ ဆိုကရေတီးပြိုင်ပွဲဖွင့်ပွဲကို အာဏာသိမ်းသမ္မတ ဦးဆောင် တက်ရောက်ခဲ့သလို ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ စစ်တပ် (ကြည်း၊ရေ၊ လေ) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို တက်ရောက်တာတွေလုပ်နေတာပါ။

#မြန်မာ #ဧရာဝတီ #စစ်တွေ #ဒကစ #ငပြီကျွန်း #ကမ်းတက်တိုက်ပွဲ #မင်းအောင်လှိုင် #ရဲဝင်းဦး #ဆိုကရေးတီးပြိုင်ပွဲ #ဘောလုံးပွဲ #WhatsHappeningInMyanmar
😁56❤6👎3
လူ့အခွင့်ရေးကော်မရှင်ဆိုတာ အာဏာရှိသူတွေကို ကာကွယ်ဖို့ ဖွဲ့ထားတာမဟုတ်ဘူး

အင်တာဗျူး | ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆

အာဏာသိမ်းအစိုးရက အာဆီယံမှာ ပြန်ဝင်ဆန့်ဖို့ ကြိုးစားနေချိန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) ကတော့ အရည်အချင်းမပြည့်တဲ့အတွက် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (SEANF)ကနေ အောက်တိုဘာ ၁၉ရက်က ထုတ်ပယ်ခံလိုက်ရပါတယ်။

ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ တီမောတို့ ဦးဆောင်တဲ့ ဖိုရမ်အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လကစလို့ MNHRC ရဲ့ အရည်အချင်းကို စစ်ဆေးသုံးသပ်ပြီး ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ဒီအတွက် ၃ ကြိမ်မြောက် SEANF နှစ်ပတ် လည် ညီလာခံတက်ခွင့်နဲ့ ၂၀၂၇ ခုနှစ် ဖိုရမ်အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခွင့်တို့ကိုလည်း ဆုံးရှုံးခဲ့ရပါပြီ။

MNHRC ဆိုတာ လက်ရှိ ဗိုလ်မှူးချုပ်ဟောင်း သစ်လင်းအုန်း ဦးဆောင်နေပြီး စစ်တပ်က အရပ်သားတွေကို အဓမ္မဖမ်းဆီး ညှဉ်းပန်းသတ်ဖြတ်၊ မီးရှို့ဖျက်ဆီး၊ ဗုံးကြဲတာတွေကို အမြဲနှုတ်ပိတ်နေလေ့ရှိတဲ့အဖွဲ့ ဖြစ်တယ်။အခုလို အထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ လူ့အခွင့်ရေး အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကြိုဆိုထောက်ခံကြတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/interview/2026/10/24/417220.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤27👍19😁4
👎34😁8❤2
အမေရိကန်- မြန်မာတွေ့ဆုံမှု ထိုင်း ကြိုဆို

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆

မြန်မာ အာဏာသိမ်းအစိုးရနှင့် အမေရိကန်တို့ ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ကြိုဆိုကြောင်းနှင့် လာမည့် နိုဝင်ဘာလ မနီလာမြို့၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းက “ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံ သီးခြားခွဲထွက် အထီးကျန်ဖြစ်သွားတာကို မမြင်ချင်ပါဘူး။ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုရဲ့ အခင်းအကျင်း ပြိုင်ကွင်းတခု ဖြစ်လာတာကိုလည်း မလိုလားပါဘူး။ ဒါကြောင့် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကို ကျနော်တို့ ကြိုဆိုပါတယ်”ဟု ပြောသည်။

ထိုသို့ထိတွေ့ဆက်ဆံခြင်းသည် စစ်အုပ်စုအား တရားဝင်မှု အသိအမှတ်ပြုခြင်းဟု မဆိုလိုဘဲ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် အတိုက်အခံများနှင့် ပြန်လည်ရင်ကြားစေ့ရေးတို့ကို အားပေးကူညီနိုင်လိမ့်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ အာဏာသိမ်းချိန်မှစ၍ အာဆီယံထိပ်သီးအစည်းအဝေးများတွင် နိုင်ငံရေးအရ အပြည့်အဝ ကိုယ်စားပြုခွင့် ပိတ်ပင်တားဆီးခံထားရသည်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ လတ်တလော အာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအပြီး အာဆီယံ၏ ရပ်တည်ချက် အပြောင်းအလဲအချို့ ရှိလာခဲ့သော်လည်း မနီလာထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံအပြည့်အဝ ကိုယ်စားပြုခွင့် ပြန်လည်ပေးအပ်ရေးမှာမူ မရေရာသေးကြောင်း ဆီဟာဆက်က ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ် ဦးဆောင်သောအဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ နှင့် ၁၆ ရက်တို့တွင် နေပြည်တော်၌ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်နှင့် ပထမအကြိမ် လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် အောက်တိုဘာလလယ်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ နှစ်ဖက်ကိုယ်စားလှယ်များ ဒုတိယအကြိမ် ထပ်မံ၍ လျှို့ဝှက်တွေ့ဆုံခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

ပုံစာ-၂၀၂၆ ဩဂုတ်လ ၆ ရက်က မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးလာရောက်စဉ်

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁41❤14👎10
အသုံးစရိတ် ခန့်မှန်းမှု ထွက်ပေါ်လာ အပြီး ကြာသပတေးနေ့မှာ တက်စ်လာ (Tesla) ရဲ့ ရှယ်ယာတွေ ၂ ရာခိုင်နှုန်း ကျဆင်းသွား…

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/24/417225.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍25😁6❤3😭2
👍45😁13❤6
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ စကားပြောခွင့်ရခြင်းက အားလုံး၏ တောင်းဆိုဖိအားပေးမှုကြောင့်ဟု NUG ပြော

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်တို့ မကြာသေးမီက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့ခြင်းသည် ကိုထိန်လင်းအပါအဝင် မလျှော့သောဇွဲဖြင့် ဆန့်ကျင်တော်လှန်နေကြသည့် ပြည်သူလူထု တရပ်လုံး၏ တစိုက်မတ်မတ် တောင်းဆိုဖိအားပေးမှုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သံတမန်ရေးရာ စဉ်ဆက်မပြတ် တွန်းအားပေးတောင်းဆိုမှုရလဒ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ ထုတ်ပြန်သည်။

နှစ်ကာလ ရှည်ကြာ အဆက်အသွယ် ဖြတ်တောက်ခံထားရပြီးနောက် အောက်တိုဘာလ ၂၂ ရက်၌ ပြန်လည်ဆက်သွယ်ခွင့် ရရှိခဲ့မှုအပေါ် မိသားစုဝင်များ၊ မြန်မာပြည်သူများနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီး ဖြစ်စဉ်တစ်ခုလုံးကို အလေးအနက်ထား စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။

အသက် (၈၁) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများအားလုံး အကြွင်းမဲ့၊ ခြွင်းချက်မရှိ ချက်ချင်း လွတ်မြောက်ရေး၊ တော်လှန်ပြည်သူများအား မတရားဖမ်းဆီး အမှုဆင် သေဒဏ်ချမှတ်နေခြင်းများ ချက်ချင်းရပ်တန့်ရေး အတွက် ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယခုထက် ပို၍ အရှိန်အဟုန်မြှင့် ဝိုင်းဝန်းဖိအားပေး တောင်းဆိုပေးကြရန်လည်း NUG က တိုက်တွန်းသည်။

ထို့ပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးတို့အတွက် တိုင်းရင်းသားပြည်သူများ၊ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့် အတူ ခိုင်မာစွာ လက်တွဲကာ တော်လှန်ရေး အောင်မြင်သည်အထိ မယိမ်းယိုင်သော သန္နိဋ္ဌာန်ဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ဖော်ပြထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍63😁20❤18
ဂန္ထဝင် ရသ ကာတွန်းများ

ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆

ကာတွန်းဆရာကြီး မောင်စိန် ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
👍41😁13❤4
၂၀၂၂ ခုနှစ် ဇူလိုင်လက ဧရာဝတီမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အာဃာတ အကြောင်း ရေးထားတဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2022/07/02/252892.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍43😁6❤2
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး စာရေးဆရာမကြီး စောမုံညင်း ရဲ့ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်တဦး အကြောင်း ဆောင်းပါး တပုဒ်ကို တင်ဆက် ပေးထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/25/417230.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍30❤2😁2
😭23❤1😁1
မန္တလေး- ပြင်ဦးလွင်အဆင်းလမ်း ယာဉ်တိုက်မှု သေဆုံးသူ ၁၂ ဦးရှိလာ

ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၆

မန္တလေး-ပြင်ဦးလွင် အဆင်းလမ်း မိုင်တိုင် ၁၉ မိုင်အနီးတွင် ခရီးသည်တင် Express ကားတစီးနှင့် AD Van တစီးတို့ ယမန်နေ့ ညပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားကာ ချောက်အတွင်းပြုတ်ကျသဖြင့် AD Van ယာဉ်မောင်းတဦး အပါအဝင် သေဆုံးသူ ၁၂ ဦးရှိလာကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

အင်ပါယာသွေးနှင့် လူမှုကူညီ ကယ်ဆယ်ရေးအသင်း ခေါင်းဆောင် ကိုချာတိတ်က “Express ကားက ဘရိတ်ပေါက်သွားတာ၊ AD Van ကားက အတက်ပေါ့။ ဟိုဘက်က ဘရိတ်ပေါက်လာတော့ အရှိန်မထိန်းနိုင်ဘဲ AD Van ကို ဝင်တိုက်ပြီးတော့ ချောက်ထဲ ကျသွားတာ။ AD Van ကား ယာဉ်မောင်းကတော့ ဆုံးသွားတယ်။ Express မှာက ၅ ဦး သေဆုံးတာ။ အဲဒီမှာ လူနာတွေကို ဆေးရုံပို့ရင်း လမ်းမှာ ဆုံးတာတွေရှိတော့ ၁၂ ဦးလောက် ဖြစ်သွားတယ်ပြောတယ်” ဟု ဧရာဝတီကို ပြောသည်။

ခရီးသည်တင် Express ကားပေါ်တွင် ခရီးသည်၂၈ ဦး ပါရှိပြီး AD Van ကား ယာဉ်မောင်းနှင့်ဆိုလျှင်၂၉ ဦးအနက် ၁၂ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ အချို့မှာ ချောက်ထဲမှ ပြန်တက်လာနိုင်သူများလည်း ရှိကြောင်း ၎င်းက ဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို ယမန်နေ့ ည ၉ နာရီဝန်းကျင်တွင်ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအား မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံများသို့ ပို့ဆောင်ကာ ဆေးကုသလျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ- Myanmar fire services

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭36👍8❤4👎3😁1
❤23👍14😁2