The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.46K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ချင်းပြည်နယ်မှ မဆုတ်မနစ် မြို့သိမ်းတိုက်ပွဲများ (ရုပ်/သံ)

ဧရာဝတီ၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၄

လက်ရှိအချိန်တွင် ချင်းပြည်နယ်တွင် ထန်တလန်၊ ဖလမ်း၊ မင်းတပ် မြို့သိမ်းတိုက်ပွဲသုံးခု တပြိုင်တည်း ဖြစ်ပွားနေသည်။ ထန်တလန် တိုက်ပွဲကို ချင်းပြည်ကောင်စီ (CC) ၏ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေပြီး မင်းတပ်နှင့် ဖလမ်းမြို့တို့အား ချင်းညီနောင်တပ်ဖွဲ့များက တိုက်ခိုက်နေသည်ကို တွေ့ရ၏။

ထန်တလန်တိုက်ပွဲကို CNF, CNA နှင့် ပူးပေါင်းထားသည့် CDF များဖြစ်ကြသည့် ချင်းကောင်စီ ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်း ဖြစ်သည်။ မင်းတပ်နှင့် ဖလမ်းတိုက်ပွဲများတွင် မြေပြင်မှ စစ်ကူလာရောက်နိုင်ခြင်းမရှိဘဲ ထန်တလန်တိုက်ပွဲတွင် ဟားခါးမှ စစ်ကူများ ရောက်လာသဖြင့် သိမ်းပိုက်ပြီးသည့် စခန်းတချို့ ပြန်လည် စွန့်လွှတ်လိုက်ရခြင်း၊ ချင်းကောင်စီ ပူးပေါင်းတပ်ဖွဲ့များက ပြန်လည် ထိုးစစ်ဆင်သိမ်းပိုက်နေခြင်းကိုလည်း တွေ့ရ၏။

ချင်းပြည်နယ်ရှိ ထိုမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေသည့် မြို့များအား စစ်ကောင်စီက လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်ကြားမှ နောက်မဆုတ်ဘဲ ထိုးစစ်ဆင်နေကြခြင်း ဖြစ်သည်။ ထန်တလန်တိုက်ပွဲသည် လေးလကျော်၊ ဖလမ်းတိုက်ပွဲသည် တလကျော်၊ မင်းတပ်တိုက်ပွဲသည် ရက် ၂၀ ကျော်ခန့် ရှိပြီဖြစ်သော်လည်း ဆက်လက် ထိုးစစ်ဆင်နေကြဆဲဖြစ်၏။

တာဝန်ရှိသူများက စစ်ရေးလိုအပ်ချက်အရ သတင်းများထုတ်ပြန်ခြင်း မရှိသေး၍ အတိအကျ မသိရသေးသော်လည်း ထန်တလန်မြို့တွင်း၌ တပ်များ အပြန်အလှန် ရင်ဆိုင်နေပြီး မင်းတပ်၊ ဖလမ်း မြို့သိမ်းတိုက်ပွဲများတွင် တပ်စခန်းအချို့ကို ချင်းညီနောင်တပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိနေသေးသည့် တပ်ရင်းဌာနချုပ်နှင့် တပ်စခန်းများကို ဆက်လက် တိုက်ခိုက်လျက်ရှိ၏။

ထိုမြို့သိမ်းတိုက်ပွဲများ အောင်မြင်သွားပါက ချင်းပြည်နယ်မြောက်ပိုင်းတွင် ဟားခါးနှင့် တီးတိန်၊ တောင်ပိုင်းတွင် ကန်ပက်လက်မြို့တို့သာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိတော့မည်ဖြစ်သည်။

https://youtu.be/78bWWuOQJM4
#မြန်မာ #ဧရာဝတီ #ချင်းပြည်နယ် #CNA #CDF #ဟားခါး #ထန်တလန် #မတူပီ #မင်းတပ် #ဖလမ်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ဖလမ်းမှာ တော်လှန်ရေးတပ်အချင်းချင်း တိုက်ပွဲဖြစ် (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၄၊ ၂၀၂၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ နှစ်ခုအကြား နယ်မြေ အငြင်းပွားမှုကြောင့် ဇူလိုင် ၂ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒီနေ့ချိန်ထိ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) နဲ့ ချင်းလဲန်းကောင်စီ အဖွဲ့ဝင်ဖြစ်တဲ့ CDF Hualngoram (ဘွားလ်ငိုရမ်) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ။

တိုက်ပွဲအတွင်း CDF Hualngoram ဘက်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဖမ်းဆီးထားတယ်လို့ CDF-Hualngoram ရဲ့ စစ်ရေးတာဝန်ရှိသူတဦး က ပြောပါတယ်။

https://youtu.be/gjYbolojaEc
#မြန်မာ #ဧရာဝတီ #CNDF #CDF #ချင်းညီနောင်အဖွဲ့ #ချင်းလဲန်းကောင်စီ #တိုက်ပွဲ #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
👎54👍5
ချင်းပြည်မြောက်ပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်တပ် ထိုးစစ်ဆင် (ရုပ်/သံ)

ဧရာဝတီ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၅

အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်မြောက်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်နေတယ်လို့ မြေပြင်တပ်တွေက ဧရာဝတီကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့ကို ပြန်လည်ရရှိဖို့အတွက် နိုဝင်ဘာ လဆန်းပိုင်းကတည်းက အင်အား ၃၀၀ စီပါတဲ့ စစ်ကြောင်းနှစ်ခုနဲ့ တပြိုင်တည်း ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန် - ဖလမ်း လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်တပ်ဟာ ဟားခါး - ဖလမ်း လမ်းမကြီးကို သိမ်းပိုက်ချင်တာကြောင့် အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ ချင်းပြည်အစိုးရတပ်ဖွဲ့ စစ်ဆင်ရေးရဲ့ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီကို ပြောပါတယ်။

https://youtu.be/uieAjVgsKOE
#မြန်မာ #ဧရာဝတီ #ချင်းပြည်နယ် #CDF #CB #CNF #WhathappensInMyanmar
👎39👍4