အစည်းအဝေးခေါ်တဲ့သူ သိက္ခာကျတာပေါ့ (ရုပ်/သံ)
ဧရာဝတီ၊ မတ်လ ၂၅၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပဖို့ရှိနေတဲ့ ဘင်္ဂလားပင်လယ်အော် ဘက်စုံနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖို့ရှိနေတယ်လို့ ထိုင်း PBS သတင်းက ဖော်ပြပါတယ်။
ဒီဆွေးနွေးပွဲကို စစ်ခေါင်းဆောင်ကို တက်ရောက်ဖို့ ရှိ၊ မရှိကို အတည်ပြုချက်မရသေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ပြောသလို စစ်ကောင်စီဘက်ကလည်း တရားဝင်ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။ ဒီအခြေအနေမှာ နိုင်ငံတကာ မှုခင်းရဲတပ်ဖွဲ့ (Interpol) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကိုလဲ မေးခွန်းထုတ် နေကြပါတယ်။
https://youtu.be/E49CaOWs-Mk
#မြန်မာ #ဧရာဝတီ #BIMSTEC #ဘန်ကောက် #အစည်းအဝေး #စစ်ခေါင်းဆောင် #Interpol #ဖမ်းဝရမ်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

YouTube
အစည်းအဝေးခေါ်တဲ့သူ သိက္ခာကျတာပေါ့ (ရုပ်/သံ)
အစည်းအဝေးခေါ်တဲ့သူ သိက္ခာကျတာပေါ့ (ရုပ်/သံ)
ဧရာဝတီ၊ မတ်လ ၂၅၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပဖို့ရှိနေတဲ့ ဘင်္ဂလားပင်လယ်အော် ဘက်စုံနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး…

👍1
နိုင်ငံတကာစွဲချက်တွေနဲ့ ဝရမ်းထုတ်ခံထားရတဲ့ သမ္မတ (ရုပ်/သံ)
ဧရာဝတီ၊ ဧပြီ ၈၊ ၂၀၂၆
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြည်တွင်းမှာ သူ့စိတ်ကြိုက် သမ္မတရာထူးကို ရယူထားပေမဲ့လည်း နိုင်ငံတကာစာမျက်နှာမှာတော့ သူဟာ စစ်ရာဇဝတ်ကောင်အဖြစ်နဲ့သာ ရှုမြင်ခံနေရတာပါ။
အာဂျင်တီးနားနိုင်ငံက ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းနဲ့ INTERPOL ရဲ့ အကြောင်းကြားစာတွေ၊ ICC နဲ့ အာဆီယံနိုင်ငံတွေက တရားစွဲဆိုမှုတွေဟာ သူ့အတွက် တကယ့်ကို ဘေးကြပ်နံကြပ် အခြေအနေကို ဖော်ပြနေပါတယ်။
ရာထူးပြောင်းသွားရုံနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက ပျောက်ကွယ်သွားမှာ မဟုတ်သလို နိုင်ငံတော်သမ္မတဆိုတဲ့ အမည်နာမဟာလည်း သူ့နောက်ကို တကောက်ကောက်လိုက်နေတဲ့ နိုင်ငံတကာဥပဒေလက်တံတွေရဲ့အောက်မှာ အကာအကွယ် မပေးနိုင်တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေအပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ စစ်ခေါင်းဆောင်ကို တရားစီရင်နိုင်ဖို့အတွက် နိုင်ငံတကာတရားရုံးအသီးသီးမှာ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။
သမ္မတဆိုတဲ့ အကာအကွယ်နောက်ကွယ်မှာ ပုန်းရှောင်ဖို့ ကြိုးစားနိုင်နေပေမဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်တွေနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေက သူ့ကို အချိန်မရွေး ဖမ်းဆီးအရေးယူနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
ဒါကြောင့် စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူအဖြစ် ကမ္ဘာက သတ်မှတ်ထားတဲ့ စစ်ခေါင်းဆောင်အတွက် ရှေ့ဆက်ရမယ့်လမ်းဟာ ဘယ်လိုရာထူးမျိုးနဲ့မှ မလုံခြုံနိုင်တော့ဘဲ တရားမျှတမှုရဲ့ တုံ့ပြန်မှုကို မလွဲမသွေ ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။
https://youtu.be/yTKlPNihEAU
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #ဖမ်းဝရမ်း #INTERPOL #ICC #ICJ

အာဂျင်တီးနားနိုင်ငံက ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းနဲ့ INTERPOL ရဲ့ အကြောင်းကြားစာတွေ၊ ICC…

👍58❤9😁4

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ Link လေးကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
https://www.youtube.com/channel/UCgEI7TvwuNGVGpd1M0icWJQ/join

❤27👍23😁7👎2
Media is too big
VIEW IN TELEGRAM
လွတ်လပ်တဲ့ မီဒီယာတွေကို စစ်အစိုးရက အင်တာပိုလ်နဲ့ ဖမ်းခိုင်း
အာဏာသိမ်းစစ်တပ်က နိုင်ငံဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧရာဝတီ အပါအဝင် လွတ်လပ်တဲ့ သတင်းမီဒီယာ ငါးခုကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ် (INTERPOL) နဲ့ချိတ်ဆက်ပြီး ဖမ်းခိုင်းထားတယ်လို့ အာဏာသိမ်းအစိုးရရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောလိုက်ပါတယ်။
အာဏာသိမ်းစစ်အုပ်စု ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်ရေးသားနေတဲ့ သတင်းဌာနတွေ ဖြစ်ကြတဲ့ Irrawaddy၊ Myanmar Now၊ DVB၊ Mizzima နဲ့ ခေတ်သစ် မီဒီယာတွေအပြင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ပံ့သူတွေကိုပါ အမှုဖွင့်ထားပြီး အင်တာပိုလ်နဲ့ချိတ်ဆက်ပြီး ဖမ်းခိုင်းထားတယ်လို့ ဗိုလ်ချုပ်မင်းသူ က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #INTERPOL #သတင်းမီဒီယာ #Irrawaddy #MyanmarNow #DVB #Mizzima #CRPH #NUG #PDF #WhatsHappeningInMyanmar

😁54❤5👎5😱2
လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အင်တာပိုက ဖမ်းဆီးပေးနိုင်သလား
ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆
သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တာဟာ ရာဇဝတ်မှု မဟုတ်တဲ့အတွက် နိုင်ငံတကာ ရာဇဝတ်မှုတွေကို တားဆီးနှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ INTERPOL လို အဖွဲ့အစည်းတွေက သတင်းသမားတွေကို ဖမ်းဆီးပေးမှာ မဟုတ်ဘူးလို့ လွတ်လပ်တဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းက တုံ့ပြန်ပါတယ်။
အောက်တိုဘာ ၆ ရက် စစ်အစိုးရရဲ့ လွှတ်တော်မှာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ဧရာဝတီ၊ မဇ္ဈိမ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ Myanmar Now နဲ့ ရန်ကုန်ခေတ်သစ်တို့လို လွတ်လပ်တဲ့သတင်းဌာနတွေက သတင်းသမားတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေနဲ့ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မတွေအရ အရေးယူထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီသတင်းဌာနတွေမှာလုပ်ကိုင်နေတဲ့သူတွေကို နိုင်ငံတကာရဲတပ်ဖွဲ့တွေ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊ အာဆီယံရဲအဖွဲ့ (ASEANAPOL) တို့နဲ့ ချိတ်ဆက်ဖမ်းဆီးဖို့ဆောင်ရွက်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်။
https://youtu.be/gthMqpyaXJU
#မြန်မာ #ဧရာဝတီ #မီဒီယာ #INTERPOL #ASEANAPOL #WhatsHppensInMyanmar

လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို အင်တာပိုက ဖမ်းဆီးပေးနိုင်သလား | The Irrawaddy
သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တာဟာ ရာဇဝတ်မှု မဟုတ်တဲ့အတွက် နိုင်ငံတကာ ရာဇဝတ်မှုတွေကို တားဆီးနှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ INTERPOL လို အဖွဲ့အစည်းတွေက သတင်းသမားတွေကို ဖမ်းဆီးပေးမှာ မဟုတ်ဘူးလို့ လွတ်လပ်တဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းက တုံ့ပြန်ပါတယ်။
အောက်တိုဘာ…
အောက်တိုဘာ…
😁43❤9👍2🤔1