Express များ ကုန်တင်ခွင့်ကန့်သတ်မှု လုပ်ငန်းများကို ရိုက်ခတ်နိုင်ဟုဆို
ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆
Express လူစီးယာဉ်လိုင်းများ ခရီးသည်ပစ္စည်းမှအပ ကုန်မတင်ဖို့ နှုတ်ဖြင့်ပြောဆိုကန့်သတ်နေရာ နောင် ယာဉ်လိုင်း အတွက်သာမက ကုန်သည်ငယ်များပါ အခက်အခဲဖြစ်နိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
အောက်တိုဘာ ၂၅ ရက်နေ့စွဲဖြင့် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် Express ကားများ၌ ကုန်တင်ပါက ယာဉ်အလေးချိန်များပြားကာ တာယာပေါက်၊ ဘရိတ်မမိဖြစ်ပြီး ယာဉ် တိမ်းမှောက် နိုင်သဖြင့် ခရီးသည်ပစ္စည်းများမှအပ ကျန်ကုန်စည်များ မတင်ဖို့ရန်၊ စစ်ဆေးတွေ့ရှိပါက အမြန်လမ်းမကြီးများဥပဒေအရ အရေးယူမည့်အပြင် အမြန်လမ်း အသုံးပြုခွင့်ကိုပါ ရုပ်သိမ်းမည်ဟု ဖော်ပြထားသည်။
Express ကား ပိုင်ရှင်တဦးက “အခုတော့ သတိပေးတာမျိုးပဲ ရှိသေးတယ်။ ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် မတင်ဖို့ပြောတယ်။ မုန့်ဖာတွေ၊ ဂျပ်ဖာတွေ ဖြန့်ဖြူးရေးသမားတွေ ပို့တဲ့အထုပ်ကြီးတွေဆိုရင် အဆင်မပြေတော့ဘူး။ ကျမတို့ ယာဉ်လိုင်းတွေ ကလည်း ခရီးသည်နည်ချိန် ကုန်တင်ခနဲ့ အားထားနေရသလို ကုန်သည်လေးတွေလည်း နေ့စဉ်ထွက်တဲ့ Express ကား တွေကို အားထားပြီး ကုန်ဖြန့်ဖြူး နေရတာပါ။ ကန့်သတ် လိုက်ရင် နှစ်ဖက်အခက်အခဲ ဖြစ်လာမှာပါ” ဟု ပြောသည်။
လက်ရှိ ကုန်အနည်းငယ်တင်ခွင့်ရသေးသော်လည်း အများအပြားဆိုလျှင် အခက်အခဲရှိကြောင်း၊ ရန်ကုန်တန်ဆာခက တပေပတ်လည် ဂျပ်ဖာတဗူး ၆,၀၀၀၊ ၇,၀၀၀ ကျပ်မှစ၍ ရှိရာ ကုန်တင်ခွင့် လုံးဝပိတ်လျှင် လက်ရှိ စက်သုံးဆီဈေးနှင့် လုပ်ငန်းလည်ပတ်စရိတ်ကြောင့် ကုန်တင်ခမရှိဘဲ ပြေးဆွဲဖို့ အခက်အခဲ ရှိလာနိုင်သလို ကားခနှုန်းထားများလည်း မြင့်တက်လာနိုင်ကြောင်း ယာဉ်ပိုင်ရှင် များထံက သိရသည်။
လတ်တလော ပို့ဆောင်နိုင်သေးသော်လည်း မည်သည့်အချိန်တွင် အရေးယူမှုများ စတင်လာ မည်ကို မသိရသဖြင့် စိုးရိမ်နေရကြောင်း Express ကားများကို အားထား၍ ကျောင်းသုံး၊ ရုံးသုံး စာရေးကိရိယာများနှင့် စာအုပ်များ ပို့ဆောင်ဖြန့်ဖြူးနေသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က ကွန်ပျူတာစာစီစာရိုက် လုပ်ငန်းဖြစ်လို့ ကျောင်းသုံး၊ ရုံးသုံးစာရေးကိရိယာတွေနဲ့ စာအုပ်တွေကို Express ကားတွေကိုပဲ အားထားပြီး အဓိကဖြန့်ဖြူးနေရတာပါ။ ကုန်တင်ခွင့် ပိတ်လိုက်ရင် တနိုင်တပိုင် သယ်ယူပို့ဆောင်ရေးတွေ အခက်အခဲဖြစ်သွားမှာ။ နောက်တခုက တရုတ်က ဝင်လာတဲ့ ကျနော်တို့ လုပ်ငန်းသုံး ကုန်ကြမ်း တွေက နှစ်လလောက်ရှိပြီ ပြတ်လပ်နေပြီး လုပ်ငန်းတချို့လည်း ရပ်နားထားရပါတယ်။ ဒီလိုအခြေအနေမှာ ကုန်စည်သယ် ယူပို့ဆောင်ရေးကို ထပ်မံ ကန့်သတ်လာမယ်ဆိုရင် လုပ်ငန်းတွေအတွက် ပိုပြီး ခက်ခဲလာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ကုန်ကားငှားဖို့ ငွေမတတ်နိုင်သည့် ကုန်သည်ငယ်များသည် Express ကားများဖြင့်သာ အဓိကပို့ဆောင်နေကြသဖြင့် တန်ဆာခများ မြင့်တက်လာနိုင်ခြင်း၊ ကုန်တင်ပို့ရသည့်ပမာဏကို လျှော့ချတင်ပို့ရနိုင်ခြင်းတို့ကြောင့် အချိန်မီ မဖြန့်ဖြူးနိုင်ခြင်း အစရှိသည့် အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း သိရသည်။
ယခု ကန့်သတ်ချက်ကြောင့် ကုန်ကားငှားရမ်းရန် အခက်အခဲရှိသည့် အသေးစားကုန်သည်များအနေဖြင့် ကုန်စည်ပို့ဆောင် ရေးအတွက် အားထားရသည့် နည်းလမ်းတခု လျော့နည်းသွားနိုင်သည့်အပြင် ကုန်တင်ခွင့်ကို ပိုမိုတင်းကျပ်လာပါက ယာဉ်လိုင်းများ၏ ကုန်တင်ဝင်ငွေနှင့် အသေးစားကုန်သည်များ၏ ပို့ဆောင်ရေးစရိတ်အပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/04/417434.html

ဧရာဝတီ
Express များ ကုန်တင်ခွင့်ကန့်သတ်မှု လုပ်ငန်းများကို ရိုက်ခတ်နိုင်ဟုဆို
အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ပြီးခဲ့သည့်တပတ်မှစတင်၍ အမြန်လမ်း စစ်ဆေးရေးဂိတ်များတွင် ကုန်စည် တင်ဆောင်မှုနှင့်ပတ်သက်၍ နှုတ်ဖြင့် သတိပေးနေသော်လည်း ခံဝန် လက်မှတ်ရေးထိုးခိုင်းခြင်းများ၌ မရှိသေးကြောင်း Express ကားပိုင်ရှင်များက ပြောသည်။
👍30❤9👎6😁3
Media is too big
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တရုတ်ဘယ်လိုသဘောထားရှိမလဲ
နိုဝင်ဘာ ၄၊ ၂၀၂၆
ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်း အပြည့်အစုံကို Comment မှာရှိတဲ့ YouTube Link ကတဆင့် ကြည့်ရှု အားပေးနိုင်ပါတယ်။
#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #တရုတ် #editorial #talk

👍44❤4😁4👎1
အမေရိကန်ပြည်သူများ သွေးခွဲအုပ်ချုပ်မှုထက် စည်းလုံးညီညွတ်သည့် နိုင်ငံရေး ပို လိုလားဟု အိုဘားမား ပြော
ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆
အမေရိကန်ပြည်ထောင်စု၏ သက်တမ်းဝက်ရွေးကောက်ပွဲရလဒ် လတ်တလောအချိန်ထိ ဒီမိုကရက်အများစု အနိုင်ရရှိနေချိန် ပြည်သူများက အချင်းချင်းသွေးခွဲအုပ်ချုပ်မှုထက် စည်းလုံးညီညွတ်မှုရှိသည့် နိုင်ငံရေးကိုသာ လိုလားကြောင်း သမ္မတဟောင်း အိုဘားမားက လူမှုကွန်ရက်မှတဆင့် ပြောသည်။
“ဒီကနေ့ညမှာတော့ အမေရိကန်ပြည်သူတွေဟာ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားတခု ပေးလိုက်ပါပြီ။ဒါကတော့ သူတို့အနေနဲ့ ပြည်သူအချင်းချင်း သွေးခွဲတာထက် စည်းလုံးညီညွတ်စေမယ့် နိုင်ငံရေးမျိုးကို လိုလားပြီး၊ သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် ခိုင်မာတိကျတဲ့ ဖြေရှင်းချက်တွေကို ပေးစွမ်းနိုင်မယ့် ခေါင်းဆောင်တွေကို လိုချင်ကြတယ်ဆိုတာပါပဲ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခင်အနိုင်ရရန် မဖြစ်နိုင်သလောက် ယူဆခဲ့သော နေရာဒေသ အပါအဝင် တနိုင်ငံလုံး နယ်ပယ်ဒေသအသီးသီးမှ ထူးချွန်ထက်မြက်သည့် ကိုယ်စားလှယ်လောင်းများ ရှေ့ထွက်ရပ်တည်ပေးခဲ့၍ ယခုလိုရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“လက်ရှိအစိုးရအနေနဲ့ နောက်ထပ် နှစ်နှစ်ကြာ ရာထူးသက်တမ်း ကျန်ရှိနေသေးပေမယ့် အခုအချိန်မှာ ကျနော်တို့ရဲ့ တာဝန်ကတော့ လက်ရုံးရည်စိုက်ထုတ် ကြိုးပမ်းကြဖို့၊ ကျနော်တို့ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ နေရာတိုင်းမှာ ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ကြဖို့၊ ထပ်မံဖြစ်ပေါ်လာမယ့် ထိခိုက်ပျက်စီးမှုတွေကို ဟန့်တားကာကွယ်ကြဖို့နဲ့ အနာဂတ်အတွက် အခြေခံအုတ်မြစ်တွေ ချမှတ်ပေးကြဖို့ပဲ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲ ချောမွေ့အောင်မြင်စေရန် ကူညီပေးခဲ့ပြီး ဒီမိုကရေစီစနစ်၏ အရေးအကြီးဆုံး လုပ်ငန်းတာဝန်တခုကို ထမ်းဆောင်ပေးခဲ့ကြသော ပါတီနှစ်ရပ်စလုံးက ထောင်ပေါင်းများစွာသော ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများအားလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောသွားသည်။

👍57❤13😁1
ကျောင်းနှင့်ဆေးခန်း ဗုံးကြဲခံရပြီး ကလေးများသေဆုံးမှု စိုးရိမ်ကြောင်း ယူနီဆက်ဖ် ပြော
ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆
မြန်မာနိုင်ငံံံံံံံအတွင်း လူသားချင်း စာနာထောက်ထားမှုအရ အကာအကွယ်ပေးရမည့် စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုနေရာများ လေကြောင်းမှ ဗုံးကြဲခံရပြီး ကလေးများ သေဆုံးနေရမှုအပေါ် အလွန် အမင်း စိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF/ ယူနီဆက်ဖ်) က ယမန်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက လွိုင်ကော်မြို့နယ်မှ စစ်ရှောင် စာသင်ကျောင်း၊ မြောက်ဦးမြို့နယ်ရှိ ယာယီဆေးကုသခန်းနှင့် သားဖွားဆောင်တို့ကို စစ်တပ် ဗုံးကြဲခဲ့သဖြင့် ကလေးငယ်များ သေဆုံးခဲ့ရသည့် ဖြစ်စဉ်အား ယူနီဆက်ဖ်က အဓိကထား ဖော်ပြသည်။
ကလေးငယ်များအနေဖြင့် လုံခြုံစိတ်ချစွာ ရှိနေသင့်သည့် နေရာများတွင်ပင် သေဆုံးခြင်းနှင့် ထိခိုက် ဒဏ်ရာရရှိခြင်းများ ကြုံတွေ့နေရခြင်းသည် မြန်မာနိုင်ငံ၌ ဆိုးရွား ပြင်းထန်သော ပဋိပက္ခဒဏ် ကလေးများ အဆိုးရွားဆုံး ခံစားနေရသည်ကို ထပ်လောင်း သတိပေးနေခြင်း ဖြစ်ကြောင်းလည်း ယူနီဆက်ဖ်က ဆိုသည်။
ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရ မိမိတို့၏ တာဝန်ဝတ္တရားများကို လိုက်နာကြရန်နှင့် ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော အစီအမံ အားလုံး ချမှတ်ဆောင်ရွက်ကြရန် ယူနီဆက်ဖ်က တိုက်တွန်း တောင်းဆိုထားသည်။
ထို့ပြင် ကလေးများနှင့် မိသားစုများ အားထား မှီခိုနေရသည့် စာသင် ကျောင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနေရာများနှင့် အခြားသော အရပ်ဘက် အခြေခံအဆောက်အအုံများကို မဖြစ်မနေ အကာအကွယ် ပေးရမည် ဖြစ်ကြောင်းလည်း အလေးထား ထောက်ပြသည်။
ယူနီဆက်ဖ်၏ အဆိုပါ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး တရက်ကြာသည်အထိ ရန်ကုန်၌ ရုံးစိုက်ထားပြီး အာဏာသိမ်းအစိုးရနှင့် ထိတွေ့ ဆက်ဆံနေရသည့် UNICEF Myanmar Facebook စာမျက်နှာတွင် မူလ ထုတ်ပြန်ချက်အား ဖော်ပြထားခြင်း မရှိသေးပေ။
စစ်တပ်သည် ကရင်နီ (ကယား)၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်း၊ ဝမ်ငေါ့ စစ်ရှောင် စာသင်ကျောင်းကို အောက်တိုဘာ ၃၁ ရက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ထို့အတူ နိုဝင်ဘာ ၁ ရက်တွင်လည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ထမ္မရာဇ် ရပ်ကွက်၊ ငွေတောင်ပေါက် အနီးရှိ ဒေသခံ ပြည်သူများကို ဆေးကုသပေးနေသည့် ယာယီ ဆေးကုသခန်း၊ သားဖွားဆောင်နှင့် အနီးဝန်းကျင်ကို တိုက် လေယာဉ်၂ စီးဖြင့် ထပ်ဆင့် ပေါက်ကွဲစေတတ်သော ပဒေသာဗုံး (Cluster Bomb) ၄ လုံး ကြဲချခဲ့သဖြင့် မွေးကင်းစကလေးငယ် တဦး အပါအဝင် ၅ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍34😁9❤7👎3😭2
• မြန်မာက ရိုဟင်ဂျာအမှု ICJ စီရင်ချက်ချမည့်ရက် ကြေညာ
• မိုးမိတ်က စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက်
• နယ်စပ်မှာ လေကြောင်းမတိုက်ဖို့ မြန်မာကို ထိုင်း သတိပေး
• စစ်အစိုးရကို ပြုတ်ကျအောင်လုပ်ဖို့လိုတယ်လို့ တာဘုန်းကျော်ပြော
• မြန်မာကလေးတွေ ဗုံးကြဲခံနေရတဲ့အကြောင်း ကမ္ဘာကျော်အဆိုတော် Zayn Malik ဝေမျှ
• အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်ပါတီ လွှတ်တော်နှစ်ရပ်လုံး ရှုံးနိမ့်
နေ့စဉ်သတင်း၊ နိုဝင်ဘာ ၄၊ ၂၀၂၆
https://youtu.be/QvWq761o3gM
#မြန်မာ #ဧရာဝတီ #ICJ #ရိုဟင်ဂျာ #နယ်စပ် #မိုးမိတ် #KIA #စစ်စခန်း #TNLA #UNICEF #ZaynMalik #တာဘုန်းကျော် #အမေရိကန် #ရွေးကောက်ပွဲ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

YouTube
မြန်မာက ရိုဟင်ဂျာအမှု ICJ စီရင်ချက်ချမည့်ရက် ကြေညာ | The Irrawaddy
• မြန်မာက ရိုဟင်ဂျာအမှု ICJ စီရင်ချက်ချမည့်ရက် ကြေညာ
• မိုးမိတ်က စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက်
• နယ်စပ်မှာ လေကြောင်းမတိုက်ဖို့ မြန်မာကို ထိုင်း သတိပေး
• စစ်အစိုးရကို ပြုတ်ကျအောင်လုပ်ဖို့လိုတယ်လို့ တာဘုန်းကျော်ပြော
• မြန်မာကလေးတွေ ဗုံးကြဲ…

❤27👍18😁1
သံတမန်ရေး ကန့်ကွက်ဖိအားပေးသည့်ကြား ထိုင်းဘက် ကျည် ထပ်ကျပြန်
ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆
ထိုင်းနိုင်ငံဘက်သို့ ကျည်ကျပြီး လူနှင့် အိမ်များ မကြာခဏ ထိခိုက်မှုကြောင့် ပြည်သူများ လုံခြုံရေး အန္တရာယ် စိုးရိမ် နေရ၍ အာဏာသိမ်းအစိုးရထံ ထိုင်း အာဏာပိုင်တို့ အကြိမ်ကြိမ်သတိပေးနေသည့်ကြားမှ ယမန်နေ့ ညပိုင်းက RPG ကျည် ထပ်ကျသဖြင့် အိမ်တလုံး ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းများကဆိုသည်။
ယမန်နေ့ည ၇ နာရီ ၁၅ မိနစ်ခန့်က မြဝတီတောင်ဘက် စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲမှ လက်နက်ကြီးကျည် မဲဆောက်မြို့နယ် မဟာဝန်း ကျေးရွာအုပ်စု မယ့်ကိုကင်းရွာမှ အိမ်တလုံးပေါ် ကျခဲ့ခြင်းဖြစ်ပြီး ထိုင်းစစ်တပ်က မီးကျည်များဖြင့် သတိပေးပစ်ခတ်မှုလုပ်ခဲ့သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် ကလည်း အာဏာသိမ်းအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေထံ ဖုန်းဆက်သတိပေးပြောခဲ့သည်။
ထို့အခြေအနေကို အာဏာသိမ်းအစိုးရက လက်ခံခြင်းမရှိ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် PDFတို့က နယ်စပ်နေ နှစ်နိုင်ငံ ပြည်သူတို့ ထိခိုက်စေရန် အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ပြည်သူတို့ အထင်အမြင်လွဲမှားမှုများစေရန် နည်းမျိုးစုံဖြင့် အွန်လိုင်း မီဒီယာ များ၌ ကောလာဟလ သတင်းများ ပျံ့နှံ့အောင် လုပ်နေကြောင်း၊ မီဒီယာများ၏ ရေးသားဖော်ပြမှုများမှာလည်း မမှန်ကန် သည့် သတင်းမှားများသာဖြစ်ကြောင်း နည်းဟောင်းကြီးအတိုင်း စွပ်စွဲနေသည်ကို တွေ့ရသည်။
အောက်တိုဘာ ၂၉ ရက်က ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်၍ ပြည်သူတဦး ထိခိုက်မှုကို စာနာပါကြောင်း ပြောသော်လည်း ယင်းကျည်က ၎င်းတို့ ပစ်ခတ်သည့် ကျည်မဟုတ်ကြောင်း ရှေ့နောက်မညီ ငြင်းထားပြန်သည်။ ထို့အပြင် အောက်တိုဘာ ၃၁ ရက် ညပိုင်း ဗုံးကြဲကြောင့် ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ နေအိမ် အဆောက်အအုံများ ပျက်စီးခဲ့သည့် အခြေအနေကို ထည့် သွင်း ဖော်ပြထားခြင်း မရှိ ဖုံးကွယ်ထားသည်ကို တွေ့ရသည်။
ထိုင်းမီဒီယာများ၌မူ နေ့စဉ်ဆိုသလို မြန်မာစစ်တပ်၏ နယ်စပ်အနီး ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခြင်းတို့ကို မဆင် မခြင် တိုက်ခိုက်အဖြစ် ဖော်ပြကြပြီး၊ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်၍ အစိုးရအနေဖြင့် ပြတ်သား စွာ ဖိအားပေးရန်၊ နယ်စပ်အနီး တိုက်ပွဲများ မဖြစ်ပွားစေရေး၊ အိုးအိမ် ထိခိုက်ပျက်စီးမှုနှင့် နေရပ် စွန့်ခွာရမှုများအတွက် လျော်ကြေးပေးရန်နှင့် လုံခြုံရေးဘန်ကာများ ဆောက်လုပ်ပေးရန်တောင်းဆိုနေသည်။
KNU နယ်စပ် သတင်းအရင်းအမြစ်တဦးက “စစ်တပ်က သူတို့ ငြင်းလို့ မရတဲ့ လေကြောင်း ဗုံးကြဲတာကို ထည့်မပြော တာကြည့်ရင် တဖက်သတ်စွပ်စွဲချက်တွေ ဆိုတာ ထင်ရှားနေပါတယ်။ ဒါကို ထိုင်းနိုင်ငံဘက်ကလည်း သိနေပါတယ်။ နောက်ပြီး တိုက်ပွဲတွေမှာ နှစ်ဖက်တပ်တွေ ဆိုင်ထားတာနဲ့ မျက်နှာမူထားတဲ့ အနေအထားကလည်း ထိုင်းနဲ့ မျက်နှာချင်း ဆိုင်ရှိနေတာ သူတို့တပ်တွေပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ယမန်နေ့ကပင် ထိုင်း စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဥကရစ် ဘွန်တနွန် (General Ukrit Buntanon) က မြန်မာ စစ်တပ်ခေါင်းဆောင် များထံ တိုက်ရိုက် ဖုန်းဆက်သွယ်ခဲ့သည့်အပြင် ဘန်ကောက်မြို့ရှိ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းကို နိုဝင်ဘာ ၂ ရက်တွင် ခေါ်ယူတွေ့ဆုံကာ စိုးရိမ်ပူပန်မှုများကို တရားဝင် သတိပေးပြောကြားသည်ကို ထိုင်းသတင်းများက ဖော်ပြပြီး မြန်မာ စစ်သံမှူးအနေဖြင့် အဆိုပါ စိုးရိမ်ပူပန်မှု များကို အထက်သို့ ပြန်လည် တင်ပြပေး မည်ဟု ကတိပြုခဲ့ကြောင်း ယနေ့ ဘန်ကောက်ပိုစ့်သတင်းတွင်ပါရှိသည်။
ထိုသို့ ထိုင်းမီဒီယာများနှင့် ပြည်သူများသာမက ထိုင်း အာဏာပိုင်များကလည်း နယ်စပ်လုံခြုံရေး စိုးရိမ်ရမှုများကို သတိပေး ပြောကြားနေသော်လည်း အာဏာသိမ်း အစိုးရဘက်က တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်နေရာ ယနေ့တွင် နယ်စပ်တလျှောက် သံချပ်ကာယာဉ်များဖြင့်အင်အားဖြည့်၍ ဖြန့်ကျက်ကာ ကင်းလှည့်စစ်ဆေးခြင်း၍ လုံခြုံရေးတိုးမြှင့်လုပ် ဆောင်နေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံနှင့် ရှည်လျားစွာထိစပ်နေသော နယ်စပ်တလျောက် အာဏာသိမ်းအစိုးရတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများနှင့် စစ်ရေး ပစ်မှတ် မဟုတ်သည့်နေရာများအား ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် နှစ်ဖက် ပြည်သူများ၏ လုံခြုံရေး အခြေအနေများ ပိုမိုအရှိန်အဟုန်ဖြင့် ဆိုးရွားလာနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က နိုဝင် ဘာ ၃ ရက်တွင် ထုတ်ပြန် သတိပေးထားသည်။
ထိုင်းနယ်စပ်နှင့် နီးကပ်နေသည့် မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ၁၃ ရက်ခန့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၅၊ ၂၇ နှင့် ၃၁ ရက်များတွင် ထိုင်းနိုင်ငံ နယ်နိမိတ်ဖြစ်သည့် သံလွင်မြစ်ကမ်းပေါ်ရှိ မယ်နူထာ၊ ရာထာနှင့် သော်လဲထာ မြစ်ကူးဆိပ် ၃ နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံ ဘက်ခြမ်း မယ်ဆမ်လပ်ရွာတွင် ကြီးမားသော ထိခိုက် ပျက်စီးမှုခံစားခဲ့ရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်ရ ကြောင်း KNU က ဖော်ပြထားသည်။
ထို့ပြင် မြဝတီမြို့ တောင်ဘက် မြဝတီမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ်

😁36❤7
အောက်တိုဘာကတည်းက ဖြစ်ပွားနေသည့် တိုက်ပွဲ များအတွင်း အာဏာသိမ်းတပ်၏ ပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ၇ ဦး သေဆုံးကာ နေ အိမ် ၁၇၀ ကျော် ပျက်စီးခဲ့ရသလို နယ်စပ် သောင်ရင်းမြစ်ကမ်းဘေးရှိ စစ်ရှောင်စခန်းများတွင်လည်း လေယာဉ်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အသက်အန္တရာယ်အတွက် တနေ့တခြား ပိုမို စိုးရိမ်လာရသည်ဟု ဆိုသည်။
ထို့ကြောင့် ထိုင်း ပြည်သူများအပါအဝင် နှစ်ဖက် ပြည်သူများအသက်အန္တရာယ်နှင့် ပြင်းထန်သော စိတ်ဒုက္ခများ ခံစား နေရသဖြင့် ထိုင်း၊ အာဆီယံနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် အာဏာသိမ်းအစိုးရ၏ လေယာဉ်သုံး လောင်စာဆီနှင့် လက်နက်များရရှိနေမှုများကို ကန့်သတ်ရန်နှင့် အရပ်သား ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အဆုံးသတ်ရေး ထိရောက်သော ဖိအားပေးမှုများပြုလုပ်ရန် KNU က တိုက်တွန်း တောင်း ဆိုထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်သည် နိုဝင်ဘာ ၁၂ ရက်နေ့၌ နေပြည်တော်သို့ သွားကာ နယ်စပ်ဒေသ ပဋိပက္ခ ဘများ ပိုမိုပြင်းထန်လာကာ ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုမရှိစေရေးအတွက် တားဆီးကာကွယ်မည့် နည်းလမ်းများ ဆွေးနွေးသွားရန်ရှိကြောင်းလည်းသိရသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/04/417440.html

အာဏာသိမ်းအစိုးရထံ ထိုင်း အာဏာပိုင်များ အကြိမ်ကြိမ်သတိပေးနေသည့်ကြားမှပင် ယမန်နေ့ ညပိုင်း၌ RPG ကျည် ထပ်မံကျရောက်သဖြင့် အိမ်တလုံး ပျက်စီးခဲ့
😁31👍14
အမေရိကန် ရွေးကောက်ပွဲရလဒ် မြန်မာအပေါ် ဘယ်လိုသက်ရောက်မလဲ
ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆
အမေရိကန် Midterm Elections ကို နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့ရာ ကနဦးမဲရလဒ်တွေအရ ဒီမိုကရက်တစ် ပါတီဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးမှာ နေရာ အများစု အနိုင်ရရှိထားပြီဖြစ်ပါတယ်။
လက်ရှိ လွှတ်တော် အာဏာချိန်ခွင်လျှာ အပြောင်းအလဲဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ လုပ်ဆောင်ချက်တွေကို အတိုက်အခံ ဒီမိုကရက်တစ် ပါတီ ဘက်က ပိုမိုစောင့်ကြည့်ထိန်းကျောင်းနိုင်တဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် လက်ရှိ ရွေးကောက်ပွဲရလဒ်ဟာ မြန်မာ့အရေး အပေါ်လည်း အကျိုးသက်ရောက်မှု ရှိကြောင်း အမေရိကန် အစိုးရအသိုင်းအဝိုင်းကြား မြန်မာ့ဒီမိုကရေစီအရေး စည်းရုံးလှုံ့ဆော်မှု လုပ်ဆောင်နေသူတွေက ပြောပါတယ်။
တဖက်မှာလည်း ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ သမ္မတဒေါ်နယ်ထရမ့် က ဒီမိုကရက်တစ်ပါတီရဲ့ အနိုင်ရမှုကို ဂုဏ်ပြုကြောင်းနဲ့ တိုင်းပြည်အကျိုး အတွက် ပူးပေါင်းလုပ်ဆောင်သွားလိုကြောင်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဒီမိုကရက်တွေ တင်သွင်းလာမယ့် ဥပဒေကြမ်းတွေကို လိုအပ်ရင် ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်တယ်လို့လည်း CBS သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
https://youtu.be/vXZ6gYYUEBc
#မြန်မာ #ဧရာဝတီ #အမေရိကန် #ရွေးကောက်ပွဲ #MidtermElections

အမေရိကန် ရွေးကောက်ပွဲရလဒ် မြန်မာအပေါ် ဘယ်လိုသက်ရောက်မလဲ | The Irrawaddy
အမေရိကန် Midterm Elections ကို နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့ရာ ကနဦးမဲရလဒ်တွေအရ ဒီမိုကရက်တစ် ပါတီဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးမှာ နေရာ အများစု အနိုင်ရရှိထားပြီဖြစ်ပါတယ်။
လက်ရှိ လွှတ်တော် အာဏာချိန်ခွင်လျှာ အပြောင်းအလဲဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့…

👍39❤6😁2
ကျပ်ငွေတန်ဖိုးကျ နယ်စပ်ကုန်သည်တို့ အရောင်းအဝယ် ရပ်ထား
ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆
မြန်မာငွေ ကျပ်တသိန်းက ထိုင်းဘတ် ၆၈၀ ခန့်သာရှိ၍ နယ်စပ်ကုန်သွယ်ရေးတွင် ငွေလွှဲဒိုင်များမှအစ ကုန်သည်တချို့ အရောင်းအဝယ် လုပ်ငန်းများ ယာယီရပ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက အမေရိကန်တဒေါ်လာလျှင် ၄,၇၀၀ ကျပ်ကျော်သာ ရှိခဲ့ရာမှ ယခုနံနက်ပိုင်းက ၄,၉၀၀ ကျော်အထိ မြင့်တက်လာသလို ဘတ်ငွေလဲလှယ်နှုန်းမှာလည်း မြန်မာကျပ်ငွေ တသိန်းလျှင် ယခင်ဘတ် ၇၀၀ ကျော် မှ ၆၈၀ ဝန်းကျင်အထိ ကျဆင်းလာသည်။
အာဏာသိမ်းအစိုးရက ဘတ်ဂျက်လိုငွေအတွက် ဗဟိုဘဏ်ထံမှ ကျပ်ဘီလျံ ၂,၁၀၀ ချေးယူရန် လွှတ်တော်၌ ဆွေးနွေးပြီး ငွေစက္ကူအသစ် ထပ်မံရိုက်နှိပ်မည့်သတင်းများ ထွက်လာချိန်မှစ၍ မြန်မာကျပ်ငွေတန်ဖိုး ကျလာခြင်းဖြစ်ပြီး နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF)က မြန်မာကို အမည်ပျက်စာရင်း (Blacklist) ဆက်သွင်းထားသလို ပို့ကုန် လိုင်စင် ထုတ်ပေးမှုနှောင့်နှေးပြီး ဝန်ကြီးဌာနများကြား မူဝါဒပိုင်းဆိုင်ရာ မညီညွတ်မှုများကလည်း ဈေးကွက်အတွင်း မသေချာမရေရာမှုကိုဖြစ်စေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ လုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်သည်။
ယခုလို ဘတ်ငွေလဲလှယ်နှုန်း ရက်ပိုင်းအတွင်း အတက်အကျမြန်ဆန်နေသဖြင့် ကုန်သည်များအနေဖြင့် ဝယ်ယူထားပြီး ဖြစ်သည့် ကုန်ပစ္စည်းများကို မူလတွက်ချက်ထားသည့် ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချရန် အခက်အခဲရှိလာသလို ရောင်းရငွေကို ကုန်ပစ္စည်းအသစ် ပြန်လည်ဝယ်ယူရာတွင်လည်း အရင်းအနှီးအတွက် ထပ်မံ စိုက်ထုတ်နေရကြောင်း မြဝတီနယ်စပ်ကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။
“ငွေဈေးက ဖြည်းဖြည်းချင်းတက်လာတာက ပြဿနာမရှိဘူး။ ဒါပေမယ့် ရက်ပိုင်းအတွင်း ထိပ်စီးပြောင်းသွားပြီး ချက်ချင်း တက်၊ ချက်ချင်းကျဖြစ်နေတာက အရောင်းအဝယ်လုပ်ဖို့ အဆင်မပြေဘူး။ နောက်ထပ်တက်သွားရင် ငွေထပ်ရင်းရမယ့် ပြဿနာရှိလာတယ်။ ဘတ်ဈေးထပ်တက်လာရင် ပစ္စည်းရောင်းလို့ အမြတ်ရပေမယ့် အဲဒီအရင်းနဲ့ အမြတ်ကို ပြန်ရင်းနှီးဖို့ ငွေထပ်လိုလာတာကြောင့် တချို့ကုန်သည်တွေက အရောင်းအဝယ်နဲ့ ငွေပေးချေမှုတွေ ရပ်ထားပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင်ကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေပြီး ဈေးနှုန်း မတည်ငြိမ်မှုကြောင့် မြဝတီနှင့် ထိုင်းဘက်ခြမ်းမှ ငွေလဲဒိုင်ကြီး အချို့မှာ ယနေ့၌ အရောင်းအဝယ် ရပ်နားကာ မနက်ဖန် (နိုဝင်ဘာလ ၅ ရက်နေ့) နံနက်ဈေးနှုန်းဖြင့် ပြန်လည် အရောင်း အဝယ်လုပ်ရန် စောင့်ဆိုင်းနေကြောင်း နယ်စပ်ငွေလဲလုပ်ကိုင်သူတဦးက ဧရာဝတီသို့ ပြောသည်။
ကျပ်ငွေတန်ဖိုးကျဆင်းမှုမှာ ဒေါ်လာနှင့် ထိုင်းဘတ်ဈေးကွက်တွင်သာမက တရုတ်ယွမ်ငွေဈေးနှုန်းပါ ကျဆင်းနေသဖြင့် မူဆယ်ဘက်ရှိ ကုန်သည်များလည်း အလားတူအခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှု ဆက်လက်ဖြစ်ပေါ်နေပါက ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲများ ကြုံရပြီး ဈေးနှုန်းတိုးမြှင့်ရောင်းချပါကလည်း အရောင်းအဝယ်ကျဆင်းမည်ကို စိုးရိမ်ကြောင်း ကုန်သည်များက ပြောသည်။
မြဝတီကုန်သည်တဦးက “ငွေဈေးကြောင့် ကုန်ဈေးနှုန်းတက်တာထက် သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် တက်တဲ့ဈေးက ပိုများတယ်။ မြဝတီကနေ ရန်ကုန်၊ မူဆယ်ကနေ မန္တလေးလို ကုန်ပစ္စည်းသယ်ယူတဲ့ လမ်းကြောင်းတွေမှာ စစ်ဆေးရေး ဂိတ် တွေကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်လာတယ်။ အာဏာသိမ်းအစိုးရက ဖမ်းမယ်၊ တားဆီးမယ်လို့ ပြောဆိုလာတဲ့ အခါ ဂိတ်တွေမှာ တောင်းခံတဲ့ငွေတွေကလည်း အရင် တသောင်းလောက်ရှိရာကနေ တသိန်းလောက်အထိ မြင့်တက်လာ တာမျိုး ရှိတယ်”ဟု ပြောသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်မှုက ပြည်တွင်းကုန်ဈေးနှုန်းသာမက ပင်လယ်ရေကြောင်းမှ ကုန်ပစ္စည်းတင်ပို့ရာ၌ သင်္ဘောတင်ခ၊ ကွန်တိန်နာဆွဲခနှင့် ဆိပ်ကမ်းဝန်ဆောင်ခများကို အမေရိကန်ဒေါ်လာဖြင့် ပေးချေရသဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်များအပေါ်တွင်လည်း ရိုက်ခတ်မှုရှိနေကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ဆိုသည်။
ထို့ပြင် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် လဲလှယ်ရသည့်အတွက် ပြင်ပဈေးကွက်ပေါက်ဈေးနှင့် ကွာဟမှုရှိနေပြီး ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားငွေဈေးမြင့်တက်မှုမှ ရရှိနိုင်သည့် အကျိုးအမြတ်ကို အပြည့်အဝ မခံစားရကြောင်း မွန်ပြည်နယ်မှ ပို့ကုန်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ပြည်တွင်းမှ ပြောင်း၊ ကြက်သွန်စသည့် ပို့ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ဥပမာအားဖြင့် ယခင်က ကွန်တိန်နာတလုံးစာ ကုန်ပစ္စည်းဝယ်ယူရန် ကျပ်သိန်း ၁၀၀ ဝန်းကျင်သာ လိုအပ်ခဲ့သော်လည်း ယခုအခါ ကျပ်သိန်း ၁၅၀ ကျော်အထိ လိုအပ်လာနိုင်သည့်အတွက် ရင်းနှီးငွေပိုမိုလိုအပ်လာကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ အလှကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများအပြင် စားသောက်ကုန်များမှာ ဘတ်ဈေးမြင့်တက်မှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်မှုတို့ကြောင့် ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာနေကြောင်း ကုန်သည်များထံက သိရသည်။
Website တွင်

👍29❤8👎3😭2😁1
ရီပတ်ဘလစ်ကန်တွေရဲ့ အစဉ်အလာနယ်မြေတွေမှာ ဒီမိုကရက်တွေ အနိုင်ရခဲ့တယ်
ဧရာဝတီ၊ နိုဝင်ဘာ ၄၊ ၂၀၂၆
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ သက်တမ်းဝက် ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေအရ အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ ဒီမိုကရက်တစ်ပါတီက အသာစီး ရရှိနေပါတယ်။
အထူးသဖြင့် ရီပတ်ဘလစ်ကန်ပါတီရဲ့ အစဉ်အလာ အမာခံနယ်မြေတချို့မှာပါ ဒီမိုကရက်တွေ အနိုင်ရရှိခဲ့တာကြောင့် ဒါဟာ ပြည်သူတွေရဲ့ နိုင်ငံရေးသဘောထား အပြောင်းအလဲဖြစ်သလို၊ သမ္မတ ထရမ့် အစိုးရအပေါ်မှာလည်း နိုင်ငံရေးအရ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြပါတယ်။
အခုလို အမေရိကန် လွှတ်တော်တွင်း အာဏာချိန်ခွင်လျှာ အပြောင်းအလဲဟာ လက်ရှိ မြန်မာ့အရေး မူဝါဒတွေအပေါ်မှာရော ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲဆိုတဲ့အပေါ် Burma Research Institute (BRI) ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဦးဇိုသုန်းမှုန်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။
https://youtu.be/PHAiodRZwBY
#မြန်မာ #ဧရာဝတီ #အမေရိကန်ရွေးကောက်ပွဲ #ထရမ့် #BRI #Election

ရီပတ်ဘလစ်ကန်တွေရဲ့ အစဉ်အလာနယ်မြေတွေမှာ ဒီမိုကရက်တွေ အနိုင်ရခဲ့တယ် | The Irrawaddy
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ သက်တမ်းဝက် ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေအရ အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ ဒီမိုကရက်တစ်ပါတီက အသာစီး ရရှိနေပါတယ်။
အထူးသဖြင့် ရီပတ်ဘလစ်ကန်ပါတီရဲ့ အစဉ်အလာ အမာခံနယ်မြေတချို့မှာပါ ဒီမိုကရက်တွေ…

👍56❤7😁2
Media is too big
VIEW IN TELEGRAM
အမေရိကန်ကို မျက်စပစ်နေတဲ့ စစ်ခေါင်းဆောင်များ
ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆
မြန်မာစစ်ခေါင်းဆောင်တွေဟာ အမေရိကန်ကို ကြောက်ပေမယ့် ဆက်ဆံရေးကောင်းချင်ကြပါတယ်။ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေ အမေရိကန်နဲ့ အဆင်ပြေဖို့ ဘာလုပ်ခဲ့ကြလဲ။ အမေရိကန်ဘက်ကရော မြန်မာ အပေါ်ဘယ်လိုသတ်မှတ်ထားသလဲ။ အပြည့်အစုံကို Comment Link ပါ Opinion Talk Episode 39 “အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား” မှာ ကြည့်ရှုနိုင်ပါတယ်။
အမေရိကန်ဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်နေဆဲလား
https://youtu.be/pVBwpY3SCuU
#မြန်မာ #အမေရိကန် #စစ်တပ် #စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #ထရမ့် #အောင်ဆန်းစုကြည် #ဗိုလ်ချုပ် #ဒီမိုကရေစီ #MinAungHlaing #AungSanSuuKyi #Trump #military #myanmar #regime #democracy #IRWENG

👍35❤7👎4😁3😭1
အမေရိကန် Midterm ရွေးကောက်ပွဲ ရလဒ်အပေါ် ကမ္ဘာ့နိုင်ငံများ၏ တုံ့ပြန်မှုများ
ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆။
အမေရိကန် Midterm ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက လွှတ်တော်နှစ်ရပ်လုံး၏ အာဏာကို သိမ်းပိုက်လိုက်ပြီး သမ္မတ ဒေါ်နယ်ထရန့်နှင့် ရီပတ်ဘလစ်ကန်ပါတီအတွက် အရေးနိမ့်မှု ဖြစ်ခဲ့သည်။
ထရန့်က အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဓာတ်ဆီဈေး မြင့်တက်မှုသည် ရွေးကောက်ပွဲအပေါ် သက်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
ကမ္ဘာ့ခေါင်းဆောင်များ၏ တုံ့ပြန်ချက်များ
ဥရောပသမဂ္ဂ (EU): ဒီမိုကရက်များ အနိုင်ရမှုသည် ယူကရိန်းကို ကူညီရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလားအလာကောင်းသော်လည်း EU အနေဖြင့် မိမိခြေထောက်ပေါ် မိမိ ခိုင်မာစွာ ရပ်တည်ရမည်ဟု ပြောကြားခဲ့သည်။
အီရန်: စစ်ပွဲကို မဲဆန္ဒရှင်များက ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း စကားပြန်ဆိုခဲ့ပြီး၊ သို့သော် အမေရိကန်၏ ပါတီအပြောင်းအလဲသည် အီရန်အပေါ်ထားရှိသော ရန်လိုသည့် မူဝါဒကို ပြောင်းလဲမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။
အစ္စရေး: ဝန်ကြီးချုပ် နာတန်ယာဟုဘက်မှ တုံ့ပြန်မှု မရှိသေးသော်လည်း၊ အတိုက်အခံ ခေါင်းဆောင်များက နာတန်ယာဟု၏ မူဝါဒများသည် အမေရိကန်နှင့် ဆက်ဆံရေးကို ပျက်စီးစေကြောင်း ဝေဖန်ခဲ့ကြသည်။
ဂျာမနီ: ထရန့်အနေဖြင့် လွှတ်တော်ကို ကျော်လွန်၍ သမ္မတ၏ သီးသန့်အာဏာ (Executive Orders) များကို ပိုမိုသုံးစွဲလာနိုင်ကြောင်းနှင့် ဥရောပ၏ လုံခြုံရေးကို မိမိဘာသာ ပိုမိုတာဝန်ယူရမည်ဟု သတိပေးခဲ့သည်။
ယူကေ: အမေရိကန်တွင် အာဏာအပြောင်းအလဲ ရှိခဲ့သော်လည်း မဟာမိတ်အဖြစ် ခိုင်မာသည့် ဆက်ဆံရေး ပျက်ပြားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
ပြင်သစ်: ထရန့်၏ ပထဝီနိုင်ငံရေးနှင့် ဓာတ်ဆီဈေးနှုန်းဆိုင်ရာ သဘောထား အပြောင်းအလဲများ ရှိမရှိ စောင့်ကြည့်ရမည်ဟု ဆိုသည်။
စပိန်: ယာယီဝန်ကြီးချုပ်က လက်ယာစွန်းဝါဒများ ကမ္ဘာတဝန်း ကျဆင်းလာသည့် လက္ခဏာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂရိ: အမေရိကန်နှင့် ပါတနာ ဆက်ဆံရေးမှာ မပြောင်းလဲဘဲ ခိုင်မြဲနေမည်ဟု တုံ့ပြန်ခဲ့သည်။
ရုရှား: ဒီမိုကရက်များ၏ သဘောထားမှာ ရုရှားအပေါ် အနုတ်လက္ခဏာဆောင်သော်လည်း မိမိတို့၏ နိုင်ငံခြားရေးမူဝါဒသည် အခြားနိုင်ငံများ၏ အာဏာအပြောင်းအလဲအပေါ် မူတည်မည်မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို မထိခိုက်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
တရုတ်: အမေရိကန် ရွေးကောက်ပွဲသည် ပြည်တွင်းရေးသာဖြစ်ပြီး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ဂျပန်: အပြည်ပြည်ဆိုင်ရာ အခြေအနေ မရေရာချိန်တွင် ဂျပန်-အမေရိကန် မဟာမိတ်အဖွဲ့သည် မရှိမဖြစ် အရေးပါကြောင်း အတည်ပြုခဲ့သည်။
တောင်အာဖရိက: သမ္မတ ရာမာဖိုစာက ဤရလဒ်သည် ကမ္ဘာ့ဆက်ဆံရေးတွင် "ခေတ်သစ်တခု၏ စတင်ခြင်း" ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား။ ။ Al Jazeera သတင်း ‘Seismic shift’: World reacts to US midterm election results
ပုံစာ - အမေရိကန် Midterm ရွေးကောက်ပွဲတွင် စက်သုံးဆီ၊ စားသောက်ကုန်နှင့် အခြေခံ ကုန်ကျစရိတ်မှာ အရေးပါသည့် ပုစ္ဆာများ ဖြစ်ကြသည် / AFP

👍39❤14😁1
ရွေးကောက်ပွဲရလဒ်ကို အစ္စရေးသမ္မတ လက်ခံ၊ အစိုးရသစ်ဖွဲ့စည်းရန် ဆွေးနွေးပွဲများ စတင်
ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၆။
အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော့ဂ် (Isaac Herzog) သည် ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲ၏ အတည်ပြုရလဒ်များကို လက်ခံလိုက်ပြီး အစိုးရသစ်ဖွဲ့စည်းရန် ပါတီခေါင်းဆောင်များနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။ ၎င်းလုပ်ဆောင်ချက်သည် ရွေးကောက်ပွဲရလဒ်အပေါ် သံသယဖြစ်ဖွယ်ပြောဆိုနေသည့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု၏ ကြိုးပမ်းမှုများကို ထိုးနှက်ချက်ဖြစ်စေခဲ့သည်။
အောက်တိုဘာ ၂၇ ရွေးကောက်ပွဲတွင် နေတန်ညာဟု၏ မဟာမိတ်အဖွဲ့ (၅၃ နေရာ) နှင့် အတိုက်အခံခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့ (Gadi Eisenkot) ၏ အုပ်စု (၄၈ နေရာ) နှစ်ခုစလုံးသည် အစိုးရဖွဲ့ရန် လိုအပ်သည့် အမတ်နေရာ ၆၁ နေရာကို မရရှိခဲ့ကြပေ။ သို့သော် ရလဒ်ကောင်းရရှိခဲ့သည့် အာရပ်ပါတီများ၏ ထောက်ခံမှုဖြင့် အိုင်ဆန်ကော့အတွက် အစိုးရဖွဲ့နိုင်သည့် အခွင့်အလမ်း ပိုမိုပွင့်လာခဲ့သည်။
နေတန်ညာဟုဘက်က ရွေးကောက်ပွဲတွင် မသမာမှုများရှိသည်ဟု စွပ်စွဲထားသော်လည်း အစ္စရေး ရွေးကောက်ပွဲကော်မရှင်က မဲမသမာမှုဆိုင်ရာ သက်သေအထောက်အထား မတွေ့ရကြောင်း ငြင်းပယ်ထားသည်။
သမ္မတ ဟာဇော့ဂ်က နိုင်ငံရေးပါတီများအနေဖြင့် အလျှော့အတင်းလုပ်ကြရန်နှင့် နောက်ထပ် ရွေးကောက်ပွဲ ထပ်မံကျင်းပရသည့် အခြေအနေကို ရှောင်ရှားရန် တိုက်တွန်းထားသည်။ ပါတီများနှင့် ဆွေးနွေးမှုများပြီးစီးပါက သမ္မတသည် အစိုးရအဖွဲ့ ဦးဆောင်ဖွဲ့စည်းမည့်သူကို တရားဝင် တာဝန်ပေးအပ်သွားမည် ဖြစ်သည်။
ကိုးကား။ ။ Al Jazeera သတင်း Israel’s Herzog accepts vote results, opens talks on forming a government
ပုံစာ - အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော့ဂ်/ AFP

👍42❤8😁3